Wednesday, July 29, 2009

Window Vista System Properties က User Information ကို အသစ်တဖန် ပြုပြင်ပြောင်းလဲခြင်း

Wednesday, July 29, 2009
တစ်ခါတစ်လေ Window ထဲမှာ ဟိုပြောင်းဒီပြောင်းလုပ်ရတာလဲ အရသာတစ်မျိုးပါ။ အဲ...ခုလုပ်မဲ့ဟာကတော့ System ပိုင်း နည်းနည်းနားလည်တဲ့သူတွေအတွက်ပါ။ ဘာပြုလို့လည်းဆိုတော့ Registry ကိုဝင်ပြင်ရမှာ မို့လို့ပါ။ စ မလုပ်ခင် Registry ကို Backup လုပ်ဖို့မမေ့ပါနဲ့ဦး။ Desktop ပေါ်က My Computer ကို right click နှိပ်ပြီး properties ကို ရွေးပါ။ ဒါမှမဟုတ်ရင် Control Panel ကနေလည်း System Properties ကိုသွားလို့ရပါတယ်။ ပြီးရင်အောက်မှာ နမူနာပြထားပါတယ်။



အဲဒိမှာ မှင်အပြာနဲ့ ၀ိုင်းထားတာကို ကြည့်ပါ။ အဲဒါက ဘာမှမပြောင်းရသေးခင်ပုံပါ။ အဲဒိပုံမှာ... ပြောင်းလို့ရတာတွေနဲ့ ထပ်ထည့်လို့ရတာတွေကို ပြောပြပါမယ်။ ပြောင်းလို့ရတာတွေက တော့....
Manufacturer, Model ပြီးတော့ Logo တွေပါ။ ထပ်ထည့်လို့ရတာတွေက SupportPhone, SupportHours နဲ့ SupportURL တို့ဖြစ်ပါတယ်။ ဘယ်လိုပြောင်းရမယ်ဆိုတာ အဆင့်ဆင့်ဖော်ပြပါမယ်။

ပထမ registry editor ကိုဖွင့်ပါ။ Start button ကနေ search box မှာ regedit ကိုရိုက်ထည့်ပြီး enter ကိုနှိပ်လိုက်ရင်ရပါတယ်။ အဲမှာ ...
computer\HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\OEMInformation
ဆိုတာကိုသွားပါ။ အောက်မှာ နမူနာပုံပြထားပါတယ်။


(CurrentVersion အောက်မှာ OEMInformation မရှိရင်လည်း Create လုပ်လို့ရပါတယ်။ CurrentVersion မှာ Right Click နှိပ်ပြီး Key ဆိုတာကို select လုပ်ပါ။ ပြီးရင် OEMInformation နာမည်ရိုက်ထည့်လိုက်ပါ။) ပြီးရင် ညာဘက်က နေရာလွတ်မှာ Right Click နှိပ်ပြီး New> String Value ဆိုတာကို ရွေးပါ။ SupportPhone ဆိုပြီးနာမည်ပေးပါ။ SupportHours နဲ့ SupportURL တို့အတွက်လည်း ရွေးပေးပါ။ နာမည်ရွေးပြီးရင် String Value နာမည်ပေါ်မှာ Right Click နှိပ်ပြီး Modify ဆိုတာကို ရွေးလိုက်ပါ။ ဖုန်းနံပါတ်၊ ဆက်သွယ်လို့ရမည့်အချိန် နဲ့ မိမိရဲ့ website address တို့ကို အသီးသီး ရိုက်ထည့်ပေးပါ။ အောက်မှာ နမူနာပုံပြထားပါတယ်။


ထို့အတူ Logo, Model နဲ့ Manufacturer တို့ကိုလည်း ကိုယ်ကြိုက်တာ ပြောင်းလို့ရပါတယ်။ ဒါပေမယ့် Logo ကိုပြောင်းချင်ရင်တော့ bmp format နဲ့ ပုံတစ်ခုလုပ်ရပါမယ်။ အရွယ်အစားကတော့ 120x120 pixels ပါ။ Drive C အောက်မှာ folder တစ်ခုလုပ်ပြီးသိမ်းထားရပါမယ်။ ပြီးရင် Logo ရဲ့ String Value ကနေ ပုံသိမ်းထားတဲ့နေရာကို ညွှန်ပေးလိုက်ရင်ရပါတယ်။ အောက်မှာ အားလုံးပြောင်းသွားတဲ့ ပုံကိုပြထားပါတယ်။



စမ်းကြည့်လို့ အဆင်မပြေတာများရှိခဲ့ရင်... Cbox နဲ့ comment ထားခဲ့လို့ရပါတယ်။

Friday, July 24, 2009

မိဘမေတ္တာ...

Friday, July 24, 2009
အောက်မှာ တင်ထားတဲ့ဗွီဒီယိုအပိုင်းလေးက သူငယ်ချင်းတစ်ယောက် မေးလ်နဲ့ လက်ဆင့်ကမ်းထားတာပါ။ ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခု ခံစားမိလို့ ဘလော့ဂ်မှာပြန်တင်လိုက်တာ။ ကြည့် ကြည့်လိုက်ပါ။


 
Design by Pocket